Pages

Monday, September 12, 2011

ဘလော့ဂါတွေ ပြောတဲ့ Blogger ဆိုတာ

ရှေ့နေ ဘလော့ဂါ ကိုကိုးအိမ်(မန္တလေး) နဲ့ နတ်ဆိုးလေး က တဂ်ထားတဲ့ ပို့စ်လေးပါ။

“တစ်ခြမ်းမြင့် အပြုံးတွေ ပြုံးတတ်လာပြီဆိုတဲ့ ပခုက္ကူရီးယန်း ဒေါက်တာနန်းလေပြေနု” လို့ တဂ်ထားတာက တစ်ကြောင်း….. Blogger ဆိုတဲ့ ခေါင်းစဉ်ကြီးကြောင့် တစ်ကြောင်း… ရေးဖို့ရာ ကျွန်မ တော်တော်တွန့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုမှ သုတေသနလုပ်ငန်းတွေ စတင်နေတဲ့ ကျွန်မ ဒေါက်တာ မဖြစ်သေးသလို Blogging မလို့ ခြေလှမ်းစနေသူမို့ Blogger လဲ မဟုတ်သေးဘူးလေ။

ကျွန်မ Ning ဆိုဒ် တစ်ခုမှာ ရေးခဲ့ဖူးတယ်။ Multiply မှာ ရေးခဲ့ဖူးတယ်။ Wordpress မှာ ရေးဖူးတယ်၊ ကျွန်မ ဘလော့ဂါ ဖြစ်ပါသလား။

ကိုမြစ်ကျိုးအင်း ရဲ့ ဘလော့ဂါ ပွဲဈေးတန်းမှာ ကျွန်မ ဆိုင် မပါလာလို့ စိတ်ကောက်တဲ့ အကြောင်း သွားပြောစဉ်က “သူကဖြင့် ဘလော့လောကထဲ မရှိပဲနဲ့” တဲ့။
ဒီစကားကို ထောက်ချင့်ရင် ကျွန်မ ဘလော့ဂါ မဟုတ်ဘူး သေချာတယ်( :P) ။

ထားပါတော့လေ.. ဘလော့ဂါ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူများက တဂ်လာပီဆိုတော့လည်း ရေးရတာပေါ့။ Tag တယ်ဆိုတာ နောက်ဆက်တွဲ အညွှန်းတပ်ပေးတာ မဟုတ်လား။ ဒီတော့ကာ ကိုးကားဖို့၊ ရည်ညွှန်းဖို့ Google လိုက်တယ်။ ရလာတဲ့ Result ကိုကြည့်ပြီး ဘလော့ဂါ မဟုတ်တဲ့ ကျွန်မက ဘလော့ဂါတွေ ပြောတဲ့ ဘလော့ဂါ ဆိုတာ ကို ပြန်လည်စမြုံပြန် မျှဝေဖို့ အကြံရလိုက်တယ်။ ဒီလိုနဲ့ပဲ…..


“ဘလော့ဂါဟူသည် ကိုယ်ကိုတိုင်အောင် မသိလိုက်မိပဲ စာပေကို ရူးသွပ်စွာ ခုံမင်နှစ်သက် မြတ်နိုး နေကြသူများ” By http://angelhlaing.blogspot.com

“ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ" By http://kokomaunguk.blogspot.com, http://www.auntytint21183.net, http://kyawkyawthet.blogspot.com

“ဘလောဂ့်ဂါ ဆိုတာ... မည်သူတဦးတယောက် ရဲ့ လွှမ်းမိုးခြင်း ကို မှ မခံယူဘဲ .. နှလုံးသားထဲက ဆန္ဒ အစစ်အမှန် နဲ့ အမှန် တရားလေး တွေ ကိုသာ ဖော်ထုတ် ရေးသား နေတဲ့.. Free Land က Free Person များ” By http://www.shwezinu.com/

“ဘလော့ဂါဆိုတာလည်း ကိုယ့်ခံစားချက်အတွက်ဖြစ်စေ၊ ကိုယ်ချစ်သောသူ အတွက်ရည်စူး၍ဖြစ်စေ၊ အများအတွက်ဖြစ်စေ၊ နာမည်ကျော်အောင်မြင်ချင်လို့ဖြစ်စေ၊ မသိလိုက်မသိဘာသာ ဘလော့ဂါဖြစ်လာတာပဲဖြစ်စေ သူလုပ်လိုက်တဲ့ ဘလော့တစ်ခုဟာ အမည်သူ့ကိုမျှမထိခိုက်စေဘဲ တစ်စုံတစ်ယောက် လောက်သာအကျိုးရှိသွားမယ်ဆိုရင် ဘလော့ဂါ” By http://www.kokoeaimmdy.info/

" စာရေးတာ ၀ါသနာပါသူတစ်ယောက်က ကိုယ်ရေးချင်တာ၊ ရှယ်ပေးချင်တာလေးတွေကို လာဖတ်သူတွေ အပျင်းပြေအောင်၊ (ဗဟုသုတရအောင်) ကိုယ်လဲ အပျင်းပြေအောင် (တစ်ခါတရံလဲ ပီတိစားရအောင်) အင်တာနက် web page တစ်ခုကနေ ရေးပေးနေတာ၊ ရှယ်ပေးနေတာ ဘလော့ဂ်ဂါပေါ့ " By http://auntysweet.blogspot.com

“စာပေလေးစားမှု စာပေအကျင့်သီလစောင့်ထိန်းမှု နဲ့ နောင်လာနောင်သား လူငယ်တွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် လမ်းပြပေးတဲ့ စေတနာရှင်” By http://www.lynnkhitdeno.com/

“ဘလော့ဂါဆိုတာ တစ်ယောက် အန်ဖတ်ကို တစ်ယောက်က တန်ဖိုးထားကြသူတွေ ဖြစ်တယ်။ ဘလော့ဂါဆိုတာ အထူးချွန်ဆုံး တရားပြဆရာ ဖြစ်တယ်။ ဘလော့ဂါဆိုတာ စိတ်ပျက်စရာ စစ်မြေ၊စစ်တလင်း ကို ဖန်တီးသူ ဖြစ်တယ်။ ဘလော့ဂါဆိုတာ အသက်သာဆုံး သမဆေးဆိုင် ဖြစ်တယ်။ ဘလော့ဂါဆိုတာ အပြည့်စုံဆုံး စာကြည့်တိုက်တစ်ခု ဖြစ်တယ်။ ဘလော့ဂါဆိုတာ အကျွမ်းကျင်ဆုံး စာဖိုမှုးဖြစ်တယ်။” By http://madankoo.blogspot.com

“ဘလော့ဂါဆိုတာ အနည်းဆုံးတော့ စာပေမြတ်နိုးသူတွေမို့ အချင်းချင်း ကောင်းရာမွန်ရာလေးတွေ မျှဝေရင်း စိတ်ချင်းဆက်သွယ်နေသူတွေပါ” By http://theingara.blogspot.com

“ဘလော့ဂါဆိုတာ အမေတစ်ယောက်တည်းက မမွေးပေမယ့် Blogger.com ကနေ မွေးထုတ်ပေးလိုက်တဲ့ ညီအကို၊မောင်နှမတွေ ဖြစ်ပါတယ်။” By http://www.alinthit.co.cc

“ဘလော့ဂါဆိုတာ မိမိသိသမျှ၊တွေး မိသမျှ၊မိမိမြင်တွေ့သမျှ၊အစစအရာရာကို မျှဝေခံစားပေးကြတဲ့ လူသားများသာ” By http://mglay97.blogspot.com

“ဘလော့ဂါဆိုတာ မိဘတွေလိုပါပဲ...သူတို့ရေးတဲ့စာတွေကတော့ သူတို့ရဲ့ သားသမီးတွေပေါ့” By http://jasminesweet.blogspot.com

“ဘလော့ဂါဆိုတာ ဘလော့ဂ်ပေါ်မှာ စာမရေးရမနေနိုင်တဲ့ ရောဂါရနေတဲ့ လူတန်းစားတွေပါ။” By http://hankyi.blogspot.com/

“ဘလော့ဂါတွေဟာ ကိုယ်သန်ရာ သန်ရာ ကဏ္ဍတွေကနေ ကိုယ့်ရဲ့ ဗဟုသုတ၊ အသိပညာ၊ စိတ်ခံစားချက် တွေကို ဝေမျှ နေတဲ့သူတွေပါ။” By http://nyiyethit.blogspot.com

“Virtual World မှာ Real Feelings တွေ ဖြစ်နေပေမယ့် ကျေကျေနပ်နပ်ကြီး ပျော်ရွှင်နေတတ်တာ “ဘလော့ဂါ ” By http://kyanaww.blogspot.com/

( နှစ်သက်ရာ Blogger ဆိုတာ တွေကို ကူးယူဖော်ပြရာတွင် မည်သူ့ကိုမှ အသိပေး ခွင့်တောင်းခဲ့ခြင်း မရှိပါ၍ သက်ဆိုင်ရာ ဘလော့ဂါ များအား တောင်းပန်အပ်ပါသည်)

ချစ်ခင်စွာဖြင့်

နန်းလေပြေနု

4 comments:

နတ်ဆိုးလေး said...

အောဟောဟော.. ဘယ်ဘလော့ဂါ ဘာရေးဦးမလဲ စောင့်နေတယ်ဆိုတာ... ဒါကြောင့်ကိုးဟိုးဟိုး...

နန်းလေပြေနု ပီသပါပေတယ်....

မောင်ဘကြိုင် said...

း) နန်းပု အဲ နန်းပြေရေ
မောင်ဘကြိုင်လည်း ဘလော့ဂါလိုလိုဘာလိုလိုနဲ့ ကုန်းကွဖြစ်နေရဲ့ တဂ်ခံထားရတော့ ခေါင်းဗျင်းဗျင်းကုတ် အကြံထုတ်နေရဲ့
ဒွေးလေးမေကျော်ကတော့နေပြည်တော်ရောက်နေတယ်ဆိုပြီး ရုံးချိန်ပြင်ပခေါ်ပါဆိုရဲ့ ခေါ်ပေမယ့်ဖုန်းပိတ်ပိတ်ထားတယ်လို့ ကောင်မလေးတစ်ယောက်ကပြောပြောနေတယ်ဗျာ့


မောင်ဘကြိုင်

မြသွေးနီ said...

ဘလော့ဂါဆိုတာ ဘာလဲဆိုတဲ့ ဘလော့ဂါတွေရဲ့ အမြင်အချို့နဲ့ ဖော်ပြထားတဲ့ စိတ်ကူးကောင်းလေးကို သဘောကျစွာ ဖတ်သွားပါတယ်ညီမရေ..။

jasmine(တောင်ကြီး) said...

တစ်ယောက်တစ်မျိုးအမြင်တွေဖတ်
ရတာကျေနပ်မိပါတယ်....