Pages

Monday, September 5, 2011

ချစ်သူဖတ်ဖို့ ရေးတဲ့စာ

ကျွန်မ ဝတ္ထုတိုလေး တစ်ပုဒ် ကြိုးစားရေးနေတယ်။ ထုံးစံအတိုင်း လက်စမသပ်နိုင်ခင်မှာပဲ အပါတ်စဉ်၊ လစဉ်၊ အကြို၊ အစစ် စတဲ့ စာမေးပွဲစီးရီးကြီး ဝင်လာခဲ့တယ်။ ဒါကြောင့် ဆားချက်တဲ့အနေနဲ့ ကျွန်မ ချစ်သူ သင်တန်းမှာ ဖတ်နိုင်ဖို့ ရေးထားခဲ့တဲ့ ချစ်သူဖတ်ဖို့ ရေးတဲ့စာလေးကို တင်ပေးလိုက်ပါတယ်။ ချစ်သူသာ မဟုတ်ဘဲ မောင်နှစ်မ၊ သူငယ်ချင်းတွေအကြားမှာ ဖတ်မိခဲ့ရင်လဲ ပိုပြီး အဆင်ပြေချစ်ခင်စေချင်တဲ့ ဆန္ဒပါ။ နောက်တစ်ခုက ကျွန်မ Wordpress ကနေ Blogger ကို ပြန်ရောက်လာပြီ ဖြစ်ကြောင်းပါ။

ချစ်သူ/-
လူနှစ်ယောက်ဟာ တစ်ထပ်တည်း၊ တစ်သားတည်း ဖြစ်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်။ အကျင့်၊ စရိုက်၊ ဝါသနာ၊ စိတ်နေသဘောထား ... အရာအားလုံးဟာ အနည်း၊ အများသာ မတူရင်နေမယ် ကွဲလွဲချက်ကလေးတွေ ရှိနေကြမှာပါပဲ။

အကယ်၍များ ချစ်သူနဲ့ ကျွန်မ အကြား သဘောထား၊ ခံယူပုံချင်း မတူညီခဲ့ရင် ...

(၁) နားလည်ပေးလို့ ရခဲ့ရင် နားလည်ပေးကြမယ်။
(၂) နားလည်မပေးနိုင်ခဲ့ရင် သည်းခံပေးကြမယ်။
(၃) သည်းမခံနိုင်တော့တဲ့အဆုံး ခွင့်လွှတ်ပေးကြမယ်နော်။

လူသားပေါင်း သန်းပေါင်းများစွာထဲကနေ ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့ ကျွန်မတို့ရဲ့ တွေ့ဆုံမှုလေးကို မြတ်နိုးတန်ဖိုးထားပြီး တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းမြေ့ ပျော်ရွှင်မှုတွေ ဝေမျှကြရမယ်နော်။

ချစ်ခြင်းအားဖြင့်
နန်းလေပြေနု

3 comments:

ကိုဇော် said...

ညည်းပဲ ပြောပါတော့အေ။
အဖေ ဘာမှ မပြောတော့ပါဘူး။
ညည်းတို့ပဲ ချစ်တတ်နေကြတော့တာပဲ။

“ ချစ်သူနဲ့ နားလည်မှုကောင်းသော ဘဝလေး တစ်ခု တည်ဆောက်နိုင်ပါစေ။ ”

ဇေယျလင်းထင် said...

မှန်လိုက်လေ.......
“ ချစ်သူနဲ့ နားလည်မှုကောင်းသော ဘဝလေး တစ်ခု တည်ဆောက်နိုင်ပါစေ။ ”

sulay said...

အကျင့် စရိုက် ၀ါသနာမညီမျှမှုတွေနဲ့ ကူးလူဆက်ဆံနေကြတဲ့ အားလုံးပေါ့.. နန်းလေပြေနုပြောသလိုပဲ နားလည်ခွင့်လွတ်မှုကို တံတားခင်းပြီး လျောက်လှမ်းနိုင်ပါစေလို့...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ