Pages

Wednesday, July 7, 2010

ခွဲခွာချိန်

ရင်ထဲမှာ နာကျင်လွန်းလို့
စကားတစ်ခွန်းတောင် မပြောချင်ဘူး
”ကျန်းမာရေးကို ဂရုစိုက်.
သတိရရင် စာရေး”
မင်း ပြောခဲ့တဲ့ စကား......
ငါ ခုထိ ကြားယောင်ဆဲပါ.။

စိတ်မကောင်းဘူး ချစ်သူရယ်
ငါ ကြိုးစားဖန်တီးပေမယ့်
အရည်ကြည်ဝိုင်းတဲ့ မျက်လုံးတွေနဲ့မို့
အပြုံးဆိုတာ...
မပီပြင်ခဲ့ဘူး.........။

ရခဲလှတဲ့ အတူရှိနေချိန်တွေရဲ့
နောက်ဆုံးမိနစ်တွေမှာ
မလွှတ်တမ်း ဆုပ်ကိုင်ခဲ့ကြတဲ့..
တို့နှစ်ယောက်လုံးရဲ့ လက်တွေဟာ
ဘာလို့ အေးစက်နေရတာလဲ..။

ကားဟွန်းတီးသံ၊ စကားပြောသံ
အော်ဟစ်ဆူညံသံတွေရဲ့ ကြားမှာ
ငါတို့နှစ်ယောက်ရဲ့ ကမ္ဘာက
ဘာလို့များ......
တိက်ဆိတ်နေခဲ့တာလဲ..။

တွဲလက်ကိုဖြူတ်ပြီး
မင်းကို ကျောပေးလိုက်ချိန်မှာ
ငါ့ ပါတ်ဝန်းကျင်တစ်ခုလုံး
အောက်ဆီဂျင်တွေ ပျောက်ဆုံးသလိုမျိုး
ရင်ထဲမှာ မွန်းကျပ်...
ကလေးတစ်ယောက်လို အော်ငိုမိမတက်ပါပဲ..။

အနားမှာ အမြဲအတူနေချင်ပေမယ့်
မဖြစ်နိုင်သော.. မဖြစ်သင့်သော..
.......................သော
ခေါင်းစဉ်ပေါင်းများစွာနဲ့
နင်နဲ့ငါ ခွဲရဦးမယ်....။

ချစ်သူရေ
ပြန်မဆုံသေးခင်အချိန်အထိ
တစ်ယောက်တစ်နေရာစီနေ
တို့.....
သတိတွေ ရနေကြမယ်နော်.......။ ။

ရင်ငြိမ်းပန်း( ပခုက္ကူ)

5 comments:

မောင်ဘကြိုင် said...

နန်းငယ် ကောင်းဝူးး နာ့ရင်ဘတ်ကို တူနဲ့လာလာထုတယ်
ဟင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ခွဲခွာရတဲ့ချစ်သူတွေ အမြန်ဆုံး ပြန်လည်နီးစပ်ပါစေ..

ခိုင်နုငယ် said...

အရောက်လာလို့ကဗျာဖတ်သွားပါတယ်။
ခွဲခွါနေရတဲ့ချစ်သူတွေ..အမြန်ဆုံးပြန်လည်ဆုံစည်း
နိုင်ပါစေ။

ahphyulay said...

အင်း.. ဖြစ်နိုင်တယ်လေ..။
ရင်ဝ မှာ မီးစ ကလေးလာကပ် နေသလို..
တငွေ့ ငွေ့  တမြေ့ မြေ့  မျှင်မျှင်ကလေး
လောင်ကျွမ်းနေတတ်တာမျိုး လေးပါပဲ။
မပြေ နိုင်ပေမဲ့  ဖြေ ရ တော့ မှာပဲ။
စာ .. ပြီး နာ ခဲ့ မိပါတယ် ။

အဖြူရောင်နတ်သမီး said...

ကွဲကွာနေကြတဲ့ ချစ်သူတွေ
အမြန်ဆုံး ပြန်လည်ဆုံတွေနိုင်ကြပါစေ...


(အိမ်လည်နောက်ကျသွားတယ်)



ခင်မင်စွာဖြင့်
အဖြူရောင်နတ်သမီး