Pages

Sunday, July 25, 2010

...............................

အခုဆို
နှင်းတွေလည်း ကျိတ်ကျိတ်ပြီး ငိုလို့
မြေနီတိုက် (၃၆ )ရှေ့က ပုဏ္ဍရိပ်တန်းလေးလည်း
ဗိုလ်ကတော်ပင်တန်းလေးလည်း တိက်တိက်လေး စိုလို့။
ပျော်ရွှင်ခြင်း သွေးကြောတွေ
အေးခဲရပ်ငေးနေသွားတဲ့ည
မျှော်လင့်ခြင်း မျက်ဝန်းတွေ
အားလျော့နာကျင်သွားတဲ့ည
လောကဓံရဲ့ ဘက်တော်သားတွေ
ဗုံမောင်း ခြိမ့်ခြိမ့်ခတ်လိုက်တဲ့ည
ရင်တစ်ခုလုံး မတို့ထိရဲအောင် ကြေမွနစ်စူး
ငါ့ရင်ခွင်မှာ မင်းမရှိဘူး
မင်းမရှိတဲ့ ငါ့ရင်ခွင်မှာ ဘာဆိုဘာမှလဲ မရှိတော့ပါဘူး................။

2 comments:

မိုးစက်အိမ် said...

ကြေကွဲလို့ ရေးတဲ့ကဗျာမဖြစ်ဘဲ ခံစားပြီး
ရေးတဲ့ကဗျာတစ်ပုဒ်သာဖြစ်ပါစေ
အားပေးလျက် . . .

nannlaypyaenu said...

ဘယ်လိုပဲ ဆန္ဒပြုပေမယ့် တကယ့်ဖြစ်ရပ်လေးသာ ဖြစ်ခဲ့တယ်။