Pages

Thursday, July 22, 2010

ညည်းချင်း

ခုတလော ဘာစာမှ ရေးချင်စိတ်မရှိဘူး ဖြစ်နေတယ်ဗျာ..
ကျောင်းမှာလဲ အဆင်မပြေဘူး
ဒါက ညည်းစရာတစ်ခု မဟုတ်တဲ့အတွက် မညည်းတော့ပါဘူး
.... နဲ့လဲ အဆင်မပြေဘူး
ဒါလဲ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ မညည်းတော့ပါဘူး
ဒါဆို ဘာညည်းချင်သေးတာလဲ
ဘာကိုမှ မညည်းချင်တဲ့အကြောင်း ညည်းလို့လဲ မရတဲ့အကြောင်း
ညည်းမလို့လေ.
ဟုတ်တယ်ဗျာ...

ရာသီဥတုကလဲ ပူလိုက်တာ
လေကလဲ တိုက်တာ ကြမ်းလိုက်တာ
ကြယ်တွေကလဲ မှိန်နေလိုက်တာ
ငှက်လေးတွေလဲ ငြိမ်နေလိုက်တာ
ပန်းပွင့်လေးတွေလဲ မှိုင်နေလိုက်တာ
ဖုန်းလိုင်းတွေလဲ ကြပ်နေလိုက်တာ
အင်တာနက်လိုင်းတွေလဲ နှေးနေလိုက်တာ

ရာသီဥတု ပူတာကို ပြုပြင်ဖန်တီးယူဖို့ မတက်နိုင်သေးဘူး
လေတိုက်ကြမ်းတာကိုလဲ ညှိယူဖို့ မတက်နိုင်သေးဘူး
ကြယ်တွေမှိန်နေတာကိုလဲ တောက်ပစေဖို့ မတက်နိုင်သေးဘူး
ပန်းပွင့်လေးတွေ လန်းဆန်းစေဖို့ မတက်နိုင်သေးဘူး
ဖုန်းလိုင်းတွေ ကြပ်တာကလဲ နည်းလမ်းမတွေ့သေးဘူး
အင်တာနက်လိုင်းတွေ မြန်နှုန်းမြှင့်ဖို့ ........ အင်း မတွေ့သေးဘူး မတက်နိုင်သေးဘူး

ညည်းတော့ပါဘူးဗျာ ဒါတွေအကြောင်းကို
ကဲ...
ခွင့်လွှတ်ပါ
ငါ နင့်ကို ချစ်တယ်............။

2 comments:

cho said...

....နဲ့လည်းအစဉ်မပြောတာရယ် ငါနင့်ကိုချစ်တယ် ဆိုတာက အတူတူပဲလားဟင် :) ညည်းမနေပါနဲ့တော့ အားလုံးအစဉ်ပြေအောင် လိုတရ အမွှေးတိုင်ကို ဆောင်ပေါ့ :) ကြော်ငြှာပေးတာ အလကား ဟဟဟ

ခင်တဲ့(ချိုကျ)

nannlaypyaenu said...

ဘာဘာ ဘာမှ မဆိုင်ဘူး ဒါပေမယ့် ငါနင့်ကို ချစ်တယ်ပေါ့ :P

နန်း Product တွေ ချိုကျကို ကြော်ငြာခိုင်းရင် ကောင်းမလား :D