Pages

Tuesday, July 20, 2010

တစ်မိုးအောက်

မြေကမ္ဘာကြီးရဲ့အပေါ်
ကောင်းကင်တစ်ခုတည်းအောက်
ရှင်သန်ခွင့်တူညီနေသရွေ့
မဝေးဘူးဆိုပေမယ့်လည်း....

ချစ်ခြင်းတွေ ရှင်းသန့်နေရင်
တို့နှစ်ယောက်ရဲ့ကြား
ဘယ်လိုအရာနဲ့မျိုးနဲ့မှ
ကာဆီးမထားဘူးဆိုပေမယ့်လည်း...

အနားမှာအတူရှိမနေတာကလွဲရင်
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊
ပြည့်စုံခြင်း၊ လိုအပ်ခြင်း
အားလုံးကို ထပ်တူဆိုပေမယ့်လည်း

မောင်ရေ
ကျွန်မရင်ထဲက အလွမ်းတွေကို...
စာနာနားလည်ဖို့ အခွင့်ရှိမယ်ဆိုရင်
တစ်မိုးအောက်မှာ နေခွင့်ပြုပါနော်...။

ရင်ငြိမ်းပန်း(ပခုက္ကူ)
18-3-10 (17:14)

2 comments:

မြစ်ကျိုးအင်း said...

နားလည်မှုနဲ့ ချစ်ခြင်းတွေရှိနေသရွေ့ ဘယ်လောက်ဝေးဝေး နီးနီးလေပါ...
ကဗျာလေးက ကောင်းတယ်..

Unknown said...

ညီမလေးက ခံစားချက်အပြည့်နဲ့ ရေးထားတော့ ကဗျာလေးက အရမ်းကောင်းတယ်....