Pages

Saturday, July 3, 2010

ညီလေး သိဖို့ ရေးတဲ့စာ

ညီလေး သိဖို့ ရေးတဲ့စာ

ညီလေးရာ မင်းက မသိဘူး.........
သန်းခြောက်ဆယ်ရဲ့ ထက်ဝက်ကျော်ကျော်က
ယူရိုငွေ တစ်ကျပ်မပြည့်တဲ့ ငွေသားအတွက်
တစ်နေကုန်အောင် အလုပ်လုပ်နေရတဲ့အကြောင်း
မင်းက မသိပါဘူး  ညီလေးရယ်......။

အဲလိုပဲ........
အခွင့်များ ရှိခဲ့ရင်
“ပြောင်းထမင်းစားသူများ”ကို ခံစားရေးဆွဲဖို့
ဗန်ဂိုးကို တို့ရပ်ကွက်ထဲ ဖိတ်ခေါ်ချင်တဲ့ အကြောင်း
မင်း သိမှာ မဟုတ်ဘူး ညီလေး.......။

သူတို့တွေရဲ့ အိပ်မက်ထဲမှာ
ချစ်ကြည်ရေးဆိုတာ မသိဘူး
အတိုက်အခံဆိုတာ နားမလည်ဘူး
မနက်ချက်မယ့်အိုး ဆန်ရှိနေဖို့ပဲ လိုတယ်ဆိုတာ
ညီလေး မင်း တွေးထင်မိမှာတောင် မဟုတ်ဘူး။



နေ့ဖို့ညစာ လုပ်တဲ့ အလုပ်မှာ
အလုပ်ရှင်က ဘယ်သူလဲ ဘယ်လိုလူမျိုးလဲ
.......... ဆိုတာတွေထက်
အလုပ်မြဲရေး၊ လုပ်အားခ မှန်မှန်ရရေးကို
စဉ်းစားတာက ပိုအရေးပါတယ်ဆိုတာ မင်း မသိဘူး ညီလေးရာ။

ခေတ်အဆက်ဆက်ရဲ့ နင်းပြားဘဝမှာ
“လူအခွင့်အရေး”ဆိုတဲ့ ဝေါဟာရက
အိမ်ရှိလူကုန် ထမင်းနပ်မှန်ရေး လို့
အဓိပါယ်မဖွင့်ပဲ နားလည်နေခဲ့ကြရတာ
ငါ့ညီရာ... မင်း မသိပါဘူး.........။



နိုင်ငံတကာ..၊ အဆင့်မြင့်..၊ ခေတ်မှီဖွံ့ဖြိုး...
မင်းတို့ပြောနေကျ အဲ့ဒီစကားလုံးတွေကို နားမလည်လို့
နိမ့်ကျလိုက်တာလို့ မင်း ငါ့ကို ပြောလို့ရပါလိမ့်မယ်
ဒါပေမယ့်... အားလုံးရဲ့ အခြေခံလိုအပ်ချက်က စားဝတ်နေရေးဆိုတာ
မင်း သိပုံမပေါ်တာ ခက်လိုက်တာ ညီလေးရာ။

မင်းတို့ပြောနေကြတဲ့ ခံယူချက်တွေထဲ
ပညာရေး အဆင့်အတန်း မြင့်မားဖို့ဆိုတာ
လူတန်းစား မရွေး စာသင်ကြားရေး ဆိုတာ
အပြောထက် လက်တွေ့ဆောင်ရွက်ဖို့ တကယ်လိုအပ်တာ
ညီလေး မင်း မသိလို့ပါကွာ.........။

ကုန်ကုန်ပြောရရင် ညီလေးရာ......
ဘယ်သူတွေ ဘယ်လို ဖြူချင်ဖြူ မဲချင်မဲ
အောက်ခြေလူတန်းစား လို့ မင်းတို့ သတ်မှတ်တဲ့ ငါတို့တွေ..
အလုပ်သမား လူတန်းစားတွေ
အရာရာမှာ မပျက်မကွက် လစ်လပ်နေကြတုန်းပဲ ဆိုတာ
မင်း မသိခဲ့ပါဘူး ညီလေးရာ..............။

ပလပ်စတစ်

5 comments:

မြစ်ကျိုးအင်း said...

သိပ်ကောင်းတဲ့ ကဗျာလေးပါပဲ။
ပြည်သူတွေ စားဝတ်နေရေး အခက်ကြုံနေရသ၍ တိုင်းပြည်အနာဂါတ် ဘာဖြစ်ဖြစ် စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။

ပန်းနုနှင်းဆီ said...

မနက်ဖန်မှာ ဆန်အိုးထဲဆန်ရှိဖို့အရေးကြီးတယ်ဆိုတဲ့ စကားကို အရမ်းသဘောကျမိတယ်
သိပ်မှန်တာပါဘဲ..

မောင်ဘကြိုင် said...

ဒါအမှန်တရား ဒါဟာဘ၀လား မသိတော့ဖူး အိုးးနိုးနိုး
ငါ့ရဲ့ အသိတွေေ၀၀ါးခဲ့ပြီ ;) သိတဲ့သူ တွေ့ တဲ့သူ ကတွေ့ တယ် မြင်တဲ့ သူကမြင်တယ် ဒါတွေကို မမြင်ချင် မသိချင်ယောင်ဆောင်နေတဲ့ ခေါင်းရှောင်ကြီးတွေ ငနွားကြီးတွေရှိတယ် ဟိဟိ
လစ်မှး)

ahphyulay said...

အမှန်ပါ ပဲ လေ ၊
တစ်ဘဝ စံ သမားတွေ ပါ ပဲ။
ဒို့  ပြည်သူတွေ ကံဇာ တာ ဘယ်တော့ 
မြင့်  ပါတော့ မလဲ..။

နွေဆူးလင်္ကာ said...

ကောင်းတယ်ဗျာ အဲလိုကဗျာတွေ ကြိုက်တယ်