*မျက်နှာမူရာ ဘယ်ဖက်ကိုပဲ လှည့်လှည့်
ချစ်သူရဲ့ ကိုယ်သင်းနံ့ကို မရတာ ကြာပြီ........။
*အမျိုးသားကောင်း ယောင်္ကျားတို့ရဲ့ ၀တ်စုံကို
ပြည့်စုံလုံခြုံအောင် ၀တ်ဆင်ထားပြီး
ပိရိသေချာတဲ့ နှုတ်ခမ်းပါးတို့က
အပြုံးတုတစ်ခုကို ဖန်တီးကာ
သူ နှုတ်ဆက်သွားတဲ့ အဲဒီညက
ကျွန်မ မျက်ဝန်းမှာ စံပယ်တွေ တလက်လက်ထလို့။
*မိနစ်တွေရဲ့ စက္ကန့်တိုင်းမှာ
အရိပ်လို မခွဲမခွာ ထာဝရအတူနေလိုသူကိုမှ
ကတိ၊ သစ္စာ၊ မှာတမ်းစကားတွေ အထပ်ထပ်ခြွေရင်း
“အသက်“လို့ အဓိပ္ပါယ်ရတဲ့ မြို့လေးဆီကို
လက်မပြပဲ ထွက်ခွာသွားခဲ့သော
သူ...........။
*“နောင်တစ်ချိန်မှာ အတူရှိနေနိုင်ဖို့
တို့တွေ ခဏခွဲကြဦးစို့နော်“
ထိုစကားစုကို
လေးခုမြောက် ပြက္ခဒိန်အား ကြည့်ရင်း
တစ်ခြမ်းမြင့် အပြုံးနဲ့ ရေရွတ်တက်လာခဲ့သော
ကျွန်မ............။
*လုပ်ငန်းခွင်ရဲ့ တာဝန်နဲ့ ၀တ္တရားကို
မလစ်ဟင်းပဲ တိကျစွာကျေပွန်တက်ပေမယ့်
ချစ်သူထံအား တစ်လတစ်စောင်သော်မျှ
စာမှန်မှန်ရေးဖို့ သတိမေ့ ပျက်ကွက်တက်သော
သူ.............။
*ဒိုင်ယာရီထဲမှာ အနီရောင်ကြက်ခြေခတ်တွေ
တစ်ခုတိုးလာတိုင်း၊ တိုးလာတိုင်း
ကြေကွဲဝမ်းနည်းစွာ ငိုရှိုက်ရာကနေ
အေးစက်ခြောက်ကပ်စွာ ရယ်မောတက်လာသော
ကျွန်မ............။
*စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ထဲမှာ
အရာတော်တော်များများကို
မသိဟန်ဆောင် လစ်လျုရှု့တက်လာသော
သူ.........
ကျွန်မ ရင်ထဲကို မြင်အောင်လှမ်းမကြည့်ဖြစ်ဘူး။
*အိပ်မပျော်သော ညဖက်တွေရဲ့
တစ်ကိုယ်ရေ လွမ်းဆွတ်မှုတွေမှာ
အေးစက်စေးထန်းတဲ့ လက်အစုံကို
တမ်းတမှုတွေ ပါဝင်တဲ့အကြောင်း.........
ကျွန်မ........
သူ့ကို ပြန်မပြောပြဖြစ်ဘူး။
*”ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လှမ်းဆုတ်ရတယ်”တဲ့
ရွေ့လျှားပြောင်းလဲမှုအတွက်
ဖိနပ်အသစ်ကို ချမစီးရဲခဲ့တဲ့
သူ နဲ့ ကျွန်မ .........
ခြေနှစ်လှမ်းကို ပြိုင်တူဆုတ်လိုက်မိတာ
လေးလှမ်းမကဘူး ဝေးသွားခဲ့တယ်။
*ဒီလိုနဲ့ပဲ
နာရီလက်တံတွေရဲ့ ဦးတည်ရာကို
နောက်ကျောပေး ဆန့်ကျင်လိုက်တာ
ပိုနေမြဲ၊ ကျားနေမြဲ အဖြစ်မှာ ဝေးနေဆဲ၊ လွမ်းနေဆဲ......
သူ နဲ့ ကျွန်မ ........... နှစ်ယောက်သားလေ
.... ပိုနေဝေး၊ ကြာနေဝေး.....။ ။
ရင်ငြိမ်းပန်း (ပခုက္ကူ)
ချစ်သူရဲ့ ကိုယ်သင်းနံ့ကို မရတာ ကြာပြီ........။
*အမျိုးသားကောင်း ယောင်္ကျားတို့ရဲ့ ၀တ်စုံကို
ပြည့်စုံလုံခြုံအောင် ၀တ်ဆင်ထားပြီး
ပိရိသေချာတဲ့ နှုတ်ခမ်းပါးတို့က
အပြုံးတုတစ်ခုကို ဖန်တီးကာ
သူ နှုတ်ဆက်သွားတဲ့ အဲဒီညက
ကျွန်မ မျက်ဝန်းမှာ စံပယ်တွေ တလက်လက်ထလို့။
*မိနစ်တွေရဲ့ စက္ကန့်တိုင်းမှာ
အရိပ်လို မခွဲမခွာ ထာဝရအတူနေလိုသူကိုမှ
ကတိ၊ သစ္စာ၊ မှာတမ်းစကားတွေ အထပ်ထပ်ခြွေရင်း
“အသက်“လို့ အဓိပ္ပါယ်ရတဲ့ မြို့လေးဆီကို
လက်မပြပဲ ထွက်ခွာသွားခဲ့သော
သူ...........။
*“နောင်တစ်ချိန်မှာ အတူရှိနေနိုင်ဖို့
တို့တွေ ခဏခွဲကြဦးစို့နော်“
ထိုစကားစုကို
လေးခုမြောက် ပြက္ခဒိန်အား ကြည့်ရင်း
တစ်ခြမ်းမြင့် အပြုံးနဲ့ ရေရွတ်တက်လာခဲ့သော
ကျွန်မ............။
*လုပ်ငန်းခွင်ရဲ့ တာဝန်နဲ့ ၀တ္တရားကို
မလစ်ဟင်းပဲ တိကျစွာကျေပွန်တက်ပေမယ့်
ချစ်သူထံအား တစ်လတစ်စောင်သော်မျှ
စာမှန်မှန်ရေးဖို့ သတိမေ့ ပျက်ကွက်တက်သော
သူ.............။
*ဒိုင်ယာရီထဲမှာ အနီရောင်ကြက်ခြေခတ်တွေ
တစ်ခုတိုးလာတိုင်း၊ တိုးလာတိုင်း
ကြေကွဲဝမ်းနည်းစွာ ငိုရှိုက်ရာကနေ
အေးစက်ခြောက်ကပ်စွာ ရယ်မောတက်လာသော
ကျွန်မ............။
*စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ထဲမှာ
အရာတော်တော်များများကို
မသိဟန်ဆောင် လစ်လျုရှု့တက်လာသော
သူ.........
ကျွန်မ ရင်ထဲကို မြင်အောင်လှမ်းမကြည့်ဖြစ်ဘူး။
*အိပ်မပျော်သော ညဖက်တွေရဲ့
တစ်ကိုယ်ရေ လွမ်းဆွတ်မှုတွေမှာ
အေးစက်စေးထန်းတဲ့ လက်အစုံကို
တမ်းတမှုတွေ ပါဝင်တဲ့အကြောင်း.........
ကျွန်မ........
သူ့ကို ပြန်မပြောပြဖြစ်ဘူး။
*”ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လှမ်းဆုတ်ရတယ်”တဲ့
ရွေ့လျှားပြောင်းလဲမှုအတွက်
ဖိနပ်အသစ်ကို ချမစီးရဲခဲ့တဲ့
သူ နဲ့ ကျွန်မ .........
ခြေနှစ်လှမ်းကို ပြိုင်တူဆုတ်လိုက်မိတာ
လေးလှမ်းမကဘူး ဝေးသွားခဲ့တယ်။
*ဒီလိုနဲ့ပဲ
နာရီလက်တံတွေရဲ့ ဦးတည်ရာကို
နောက်ကျောပေး ဆန့်ကျင်လိုက်တာ
ပိုနေမြဲ၊ ကျားနေမြဲ အဖြစ်မှာ ဝေးနေဆဲ၊ လွမ်းနေဆဲ......
သူ နဲ့ ကျွန်မ ........... နှစ်ယောက်သားလေ
.... ပိုနေဝေး၊ ကြာနေဝေး.....။ ။
ရင်ငြိမ်းပန်း (ပခုက္ကူ)
4 comments:
ဇတ်လမ်းတပုဒ်ဖတ်လိုက်ရသလို မြင်ယောင်ခံစားမိတယ်
ဟူးးးး ကြာနေဝေးးးးးဆိုပါလား
ကောင်းလိုက်တဲ့ ကဗျာလေး
အတွေလေးလဲကောင်းတယ်
တစ်ပြိုင်တည်း ခြေလှမ်းပြိုင်တူဆုတ်လိုက်မိတာ စိတ်မကောင်းစရာ
ဘယ်တော့  မှ မဆုံဆည်း နိုင်တော့  တဲ့ 
မီးရထား သံလမ်း အပြိုင် နှစ်ကြောင်း
ပေါ် မှာ လျှောက် မိ နေ သလို မျိုး
ခံစား ရမိ ပါတယ်.. ကဗျာ ကို ဖတ်ပြီး၊
ရင်နဲ့အတူ တိုက်ဆိုင်စွာ
ခံစားမိပါတယ်
အကြောင်းအရာကိုပေါ်လွင်အောင်
ခံစားရေးဖွဲ့တက်တဲ့အတွက်
ကျေးဇူးပါ
Post a Comment