Pages

Friday, June 11, 2010

အပြောင်းအလဲများတဲ့ ရာသီ


ပြောင်းလဲလွန်းတဲ့ ရာသီတွေက

ထိုင်နေရင်းတောင် အဖျားတက်တယ်။

တကယ် တကယ်......!

ခုကိုပဲ မင်း အမုန်းမိုးတွေ ရွာတယ်

ခဏနေ အလွမ်းပန်းတွေ ပွင့်ဦးမယ်

မသိလိုက်သလိုနဲ့ပဲ အနမ်းနေခြည်ဝေဦးမှာ

နောက် သူစိမ်းအကြည့်တွေ နှင်းလိုကြွေမယ်

“မိန်းမတွေက မြို့ဝင်ဆိုင်းဘုတ်တွေလိုပဲ

မျက်နှာနှစ်ဖက်နဲ့ သိပ်ကြောက်ဖို့ကောင်းတယ်” တဲ့

ဟ....ဟ......ဟ!

မင်းပြောင်းလဲတာက နာရီမျက်နှာပြင်လိုပဲ

စက္ကန့်အလိုက် ရွေ့လျှားနေတယ်

တကယ်ပါ

ရာသီတွေ အပြောင်းအလဲမှာ

ထိုင်နေရင်းနဲ့ကို အဖျားတက်ခဲ့တယ်။


ရင်ငြိမ်းပန်း(ပခုက္ကူ)

2 comments:

မောင်ဘကြိုင် said...

ကဗျာလေးခံစားသွားမယ် နန်းငယ်ရေ...

ဂျေဂျူဝိုင် said...

ထိုင်နေရင်း အဖျားတက်တယ်ဆိုတဲ့ အဆုံးသတ်လေးကို အပြောလေးကို သဘောကျတယ်။ ကဗျာတစ်ပုဒ်လုံး အသစ်အဆန်းမပါတဲ့ သာမာန်စကားလုံးနဲ့ လှလှပပဖွဲ့သွားတယ်။