Pages

Friday, June 18, 2010

ဗလာတစ်ယောက်ရဲ့ ခရီး

ကောင်းကင်က ကောင်းကင်
မြေကြီးက မြေကြီး
အရာအားလုံးဟာ ဟိုးအရင်ကလိုပဲ
နေသားတကျ........။

“ရပ်နေတာနဲ့ စာရင်
သွားနေတာက ရောက်ဖို့ သေချာတယ်”
ဘယ်ကိုလဲ...?
ဘယ်တော့လဲ....?

ငါဆိုတဲ့ မျဉ်းမှာ
မြှားခေါင်းမပါခဲ့လို့
ဦးတည်ရာလဲ မရှိ
သွားနေလားလဲ မသိ.....။

ကိန်းဂဏန်းတွေ........
အက္ခရာတွေ.......
ဝိသေသတွေ......
ပညတ်ချက်တွေ........

ဖြောင့်တယ်ဆိုတာကလဲ
ကောက်ကွေ့မှုတွေ ပေါင်းထားတာ
မှန်တယ်ဆိုတာကလဲ
မှားယွင်းမှုတွေ သက်သေပြထားတာ

တည်ရှိတယ်လို့ ထင်ထားတာတွေက မမြဲဘူး...
မမြဲဘူးလို့ ထင်ထားတာတွေက မသေချာဘူး...

ခြေဗလာ၊ လက်ဗလာနဲ့ လာတဲ့ ဘ၀မှာ
အသိဗလာ၊ အတွေးဗလာနဲ့
ထွက်သွားရမှာလဲ ဗလာနဲ့...
.... ဗလာနဲ့။

ပလပ်စတစ် (ကလေကချေ)

2 comments:

မောင်ဘကြိုင် said...

ဟူးးးး ကောင်ကင်က ကောင်ကင်
မြေကြီးက မြေကြီး ဟူးးး
ဘကြိုင်က ဘိုင်ကျ ဟူးးးး

ahphyulay said...

အားလုံး ဖတ် ပြီး တော့  တစ်ခု တဲ ကို ပဲ တွေ့ 
မိတယ်၊ ဘာလဲ ဆို တော့  “ အနတ္တ ” ဆိုတဲ့ 
ဖွင့်  ဆို ချက်ပါပဲ။ အနတ္တ ဝါ ဒီ ကို လက်ခံ ရမှာပါ။