မလိုတော့လို့ ချန်ထားတဲ့အခါ
ကြည်ဖြူစွာ နေခဲ့ပေးမှာပါ
စကားလုံးသာသာ စကားတွေကို
ဟန်ဆောင်ပြီး ပြောနေဖို့ မလိုပါဘူး မောင်။
မချစ်တော့လို့ ဖယ်ခွာတဲ့အခါ
တို့လက်တွေ ဖြေလျှော့ဖို့သာ ရှိတာပဲမို့
စိတ်ချထားပါကွယ်...
ကျွန်မ မျက်ရည်တို့နဲ့ အသနားမခံပါဘူး....။
တစ်ခန်းရပ်သွားတဲ့ ဒီဇာတ်လမ်းမှာ
ကျွန်မကိုယ်တိုင်က အညှာလွယ်ခဲ့သူမို့
အမည့်ခြွေခြွေခဲ့လေသူရယ်လို့
တစ်ဖက်သက်အပြစ်တွေလဲ မတင်ချင်ပါဘူး....။
ကျွန်မရဲ့ ရင်ခွင်ဟာ..မောင့်အတွက်
ကွန်းတစ်ထောက် နားခိုရာသက်သက်ဆိုပေမယ့်
လက်ခံရလိုက်တဲ့ အဖြစ်တို့အတွက်
နောင်တဆိုတာ ကင်းမဲ့ပါတယ် မောင်...။
မောင် ဆက်လျှောက်မယ့်လမ်းမှာ
ကျွန်မ အနီးကပ်လိုက်ပါခွင့်မရပေမယ့်
ရင်ထဲက ဆုတောင်းမိပါရဲ့
အေးချမ်းပျော်ရွှင်မှုတွေကိုသာ
ကျွန်မချစ်သော မောင် ပိုင်ဆိုင်ပါစေ........။
ရင်ငြိမ်းပန်း(ပခုက္ကူ)
No comments:
Post a Comment